Friday, 16 November 2012

10 Rules for Being Human

You will receive a body.
You may like it or hate it, but it's yours to keep for the entire period.

You will learn lessons.
You are enrolled in a full-time informal school called, "life."

There are no mistakes, only lessons.
Growth is a process of trial, error, and experimentation. The "failed" experiments are as much a part of the process as the experiments that ultimately "work."

Lessons are repeated until they are learned.
A lesson will be presented to you in various forms until you have learned it. When you have learned it, you can go on to the next lesson.

Learning lessons does not end.
There's no part of life that doesn't contain its lessons. If you're alive, that means there are still lessons to be learned.

"There" is no better a place than "here."
When your "there" has become a "here", you will simply obtain another "there" that will again look better than "here."

Other people are merely mirrors of you.
You cannot love or hate something about another person unless it reflects to you something you love or hate about yourself.

What you make of your life is up to you.
You have all the tools and resources you need. What you do with them is up to you. The choice is yours.

Your answers lie within you.
The answers to life's questions lie within you. All you need to do is look, listen, and trust.

You will forget all this.

ခဏ ခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး..

ခဏ ခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး။
ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။

သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။

ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို

မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။

မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။

''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။

သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။

သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့။

ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။

နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။

ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။

သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
 
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..

၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။

ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..

တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။

ရေးသူ ဟိန်း(Heinn FiveStrings) (17.7.2012)

Thursday, 9 August 2012

ငါက ..

ငါက ..
တွေ့နေကျ၊ မြင်နေကျ၊
ရိုးရိုးလူမျိုးပေါ့

ပန်းနဲ့ပဲဖြစ်ဖြစ်၊ ကောက်ရိုးနဲ့ပဲ ဖြစ်ဖြစ်
အရမ်းလာပစ်ပေါက်ရင်တော့
ကြောက်တတ်တဲ့ ကောင်မျိုးလေ ..။

ဆောင်းတစ်ခုမှာ
ပါဝင်ခဲ့ဖူးတဲ့ နှင်းတစ်စက်လို
စာရင်းလည်းမရှိ၊ နံပါတ်လည်းမသိ
ဘယ်အထိမှလည်း မကြီးကျယ်ပါဘူးကွယ် ..။

တာရာမင်းဝေ

Saturday, 4 August 2012

ကြယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်
(၂၀၀၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)

Friday, 20 July 2012

နင့်ကို...ငါ ချစ်တယ်

ရိုးရိုးလေးပါပဲ
အာဒံက ဧ၀ ကိုပြောခဲ့သလိုပေါ့
ငါက...နင့်ကိုချစ်တယ်
ဘာအကြောင်းပြချက်မှမရှိသလို
ဘာမျှော်လင့်ချက်မှ မပျိုးခဲ့ဘူး
ငါက....နင့်ကိုချစ်တယ်

ဟိုးအဝေးကြီးကို မငေးပါနဲ့လားကွယ်
ငါရေးခဲ့တဲ့ကဗျာတိုင်းမှာ
နင်ဟာ အမြဲ...တခမ်းတနားပါပဲ
ခံစားချက်ကိုအခြေပြုလို့
ရင်ခုန်ခြင်းသက်သက်နဲ့ ပေးဆပ်
နင့်အတွက်...နေ့ရက်တိုင်းမှ
ဆုပ်ကိုင်မပြနိုင်တဲ့ အလွမ်းတွေ
တစ်သက်စာမကရှိတယ် ...

တခါတခါများ
နင့်အကြောင်းပုံရိပ်ပေါင်းများစွာ
တွေးငေးနေချိန်ဆို
ကြည်နူးလှိုက်မောခြင်းတွေဝေဖြာလို့
ငါက နင့်ကို...သိပ်ချစ်တယ်

နင့်အတွက်...မဆန်းပေမယ့်
ငါ့အတွက် အလွမ်းတွေအပြည့်
“ နင် သိပါစေကွယ် ”
“ နင် မြင်ပါစေကွယ် ”
“ နင် ကြားပါစေကွယ် ”
ဘာနဲ့မှ တိုင်းတာမရတဲ့
ဘာကိုမှ မျှော်လင့်မထားတဲ့
ငါ့ရင်ခွင်ထဲက..ချစ်ခြင်းတွေကိုပေါ့

Lwan Nay

အိပ်မက် ... နတ်သမီး


နင်ပြောခဲ့တဲ့ ပုံပြင်တွေထဲကလိုပေါ့
ချစ်သူကို လွမ်းဆွတ်လွန်းလို့
ကောင်းကင်ကိုမျှော်လင့်ချက်တွေထုပ်ပိုး...
ပေါ်လာနိုး...ပေါ်လာနိုး...
ငါ..စောင့်မျှော်ရင်း..အာရုံလည်းပျိုးခဲ့ပြီ

နင်ရေးဖွဲ့တဲ့ကဗျာတွေထဲကလိုပေါ့
အလွမ်းတွေကို ရှောင်ပုန်းမရတဲ့အခါ
လက်နှစ်ဖက်ကိုဆန့်တန်း
ငါက ... အလွမ်းတွေ လာစမ်းဆိုပြီး
သမုဒယတွေ စိုက်ပျိုးတယ်
အခါမလပ်...သတိရခြင်းအချို့နဲ့
ပြာရီမှိုင်းညို့ မိုးတွေသည်းတယ်

ဟိုး....မှာ...ကြယ်တွေ
အစင်းစင်းကြွေလို့
ဧဒင်ဥယျာဉ်ကြီးထဲ..နင့်လက်ကိုတွဲ
ငါ ရေးဖွဲတဲ့ကဗျာတွေ ရွတ်ပြချင်တယ်
အိပ်မက်ထဲတော့ နင်ခဏလာလှဲ့
ခမ်းနားခြင်းအချို့နဲ့ စူးနစ်ခိုင်မြဲ....
နင်ဟာငါ့ရဲ့ အိပ်မက်နတ်သမီးပေါ့ကွယ်

Lwan Nay

Retrieved on 20 July 2012 from https://www.facebook.com/photo.php?fbid=391260414271940&set=a.389733261091322.91786.388431857888129&type=1&ref=nf 

နင်...မငိုပါနဲ့ကွယ်

မငိုပါနဲ့ကွယ်...
ကြယ်တွေကြွေနေသရွေ့
နောင်တစ်နေ့နေ့မှာတော့...
ငါတို့..ခဏ...ပြန်ဆုံကြဦးမှာပါ

နေ့ရက်တွေကို
အလွမ်းစာမျက်နှာတွေပေါ်မှာ သီကုံးလို့
နင်ပြုံးပြုံးလေးနေပေးပါ
နင့်အတွက်..အသက်ထက်ဆုံးပေးဆပ်မဲ့
ငါ့ကဗျာ..ခပ်အက်အက်တွေမှာ
နှင်းဆီတချို့...ငါပျိုးထားတယ်
ထိပ်ထားရယ်....

နင်မငိုပါနဲ့ကွယ်...
နင်ငိုရင်...ငါ့ရင်ထဲ တိမ်တွေပြိုလို့
ဆို့နင့်ခဲ့ရတဲ့ ရှိုက်သံတွေ
နင်ပြောသလိုပေါ့...
ငါက..နင်မနှင်ရင်
ထွက်သွားပိုင်ခွင့်မရှိတဲ့ကောင်ပါ

မငိုပါနဲ့ကွယ်...
ငါ့ကဗျာတွေက..
နင့်အတွက်..အာဟာရဖြစ်မယ်ဆို
နှစ်ခြိုက်စွာ သောက်သုံးလှဲ့
ငါတို့အတူတူ..ပျောက်ဆုံးမယ့်နေ့ရက်တွေ
ရောက်မလာပါစေနဲ့....

မငိုပါနဲ့ကွယ်...
ငါတို့ပြန်ဆုံမယ့်ညနေမှာ
နင့်အတွက်ကဗျာတွေ
ငါရွတ်ပြချင်သေးတယ်
နင့်အတွက် အလွမ်းတွေ
သီကုံးဖွဲ့ဆိုချင်သေးတယ်
နင့်အတွက်သတိရခြင်းတွေ
တယုတယ..ပျိုးချင်သေးတယ်
နင်...မငိုနဲ့ကွယ်

Lwan Nay
21 September 2011

Friday, 22 June 2012

is it??

လူ့ဘဝ ပျော်ရွှင်ရတာဟာ
ပိုင်ဆိုင်တာတွေများလို့ မဟုတ်ဘူး
အညိုးအတေး နည်းလို့ဖြစ်တယ်။

လူ့ဘဝ နာကျင်ရတာဟာ
ရယူတာတွေ နည်းလို့မဟုတ်ဘူး
တောင်းဆိုတပ်မက်မှုတွေ များလို့ဖြစ်တယ်။

တစ်ကြိမ်ဆိုရင်...

Sorry! If the words are rude..
or it hurts u!! :)
ငါ့ကို နာကျင်ထိခိုက်စေသူအတွက်
ငါအမြဲပြုံးနေလိုက်မယ်
နှလုံးသား၊ အကြင်နာမဲ့သူကို ငါအညိုးအတေးမထားတတ်လို့ပါ။

ငါ့ကို လိမ်ညာခဲ့သူအတွက်
လိမ်ညာတာပေါ့ရင် ငါရယ်ပြီးခွင့်လွှတ်မယ်
ညာတာပြင်းရင် ငါ့ဘဝထဲ အပြီးတိုင်မောင်းထုတ်ပစ်မယ်။

ငါ့အပေါ် သစ္စာဖောက်သူအတွက်
တစ်ကြိမ်ဆိုရင် ငါ မယုံကြည် စိတ်မချတော့ဘူး
အကြိမ်ကြိမ်ဆိုရင် ငါဖမ်းဆုပ်မထားတော့ဘူး။

ငါ့ကို နှစ်သက်သူအတွက်
သင့်ရဲ့ခင်မင်ရင်းနှီးမှုလောက်
ငါရဲ့ခင်မင်ရင်းနှီးမှုလည်း လျော့နည်းမှာမဟုတ်ဘူး။

ငါ့ကို ဆဲဆိုသူအတွက်
ရိုင်းစိုင်းတဲ့စကားတွေက သင့်အဆင့်သင်ဖော်တာပဲ
သင့်စကားအရိုင်းအစိုင်းတွေနဲ့
ငါ့အပြုအမူ အပြောအဆိုတွေကို ကြမ်းတမ်းအောင်လုပ်ဖို့
သင့်မှာ အရည်အချင်းမရှိသေးပါဘူး။

ငါ့အပေါ် ဂရုစိုက်သူအတွက်
သင်တို့ရဲ့ဂရုစိုက်မှုတွေကို ငါ့ရင်ထဲထည့်ထားတယ်
ငါ့မှာ ဘာမှမရှိပေမယ့် ကျေးဇူးသိတတ်မှုတော့ရှိတယ်။

ငါ့ကို ချစ်ခဲ့သူအတွက်
တစ်ခါတလေမှာ အချစ်ဆိုတာ နာကျင်မှုတစ်မျိုးပဲ
နာကျင်တာကလည်း အချင်းချင်းအပြန်အလှန်ကြောင့်ဖြစ်တာ
တဖက်သတ်ကြောင့် မဟုတ်ဘူးဆိုတာကို မှတ်ထားပါတယ်။

ငါ့ကို စွန့်လွှတ်ခဲ့သူအတွက်
ဒီအတွက် သင့်ကို ငါမမုန်းပါ
သင်စွန့်လွှတ်ခဲ့သူဟာ သင့်ကိုအချစ်ဆုံးလူဆိုတာ
တစ်နေ့နေ့မှာ သင်သိနားလည်လာပါလိမ့်မယ်။

ငါ့ကို အကြည့်ထဲတောင် ထည့်မထားဘူးဆိုသူအတွက်
သင့်ကိုလည်း ငါ့အကြည့်ထဲ ထည့်ထားမှာမဟုတ်ပါ
ငါနှစ်သက်တဲ့လူ ငါ့ကိုအနိုင်ကျင့်တာ ငါခံနိုင်ပေမယ့်
မနှစ်သက်တဲ့လူကိုတော့
ငါ့ကိုအနိုင်ကျင့်ချင်တဲ့စိတ်မျိုး ရှိစေလိမ့်မှာမဟုတ်ဘူး။

** ကြိုက်နှစ်သက်လို့ နားလည်သလို ဘာသာပြန်ခံစားပါတယ်... စကားလုံးများ ကြမ်းတမ်းခဲ့ရင် ဆောရီးပါလို့း)
Translated by 'Nine Nine Sanay'

Sunday, 20 May 2012

In honor of women! ( မိန်းမဆိုတာ - - - )


  • They smile when they want to scream.
  • They sing when they want to cry.
  • They cry when they are happy and laugh when they are nervous.
  • They fight for what they believe in.
  • They stand up for injustice.
  • They don’t take “no” for an answer when they believe there is a better solution.
  • They go without new shoes so their children can have them.
  • They go to the doctor with a frightened friend.
  • They love unconditionally.
  • They cry when their children excel and cheer when their friends get awards.
  • They are happy when they hear about a birth or a new marriage.
  • Their hearts break when a friend dies.
  • They have sorrow at the loss of a family member, yet they are strong when they think there is no strength left.
  • They know that a hug and a kiss can heal a broken heart.
  • Women come in all sizes, in all colors and shapes. They’ll drive, fly, walk, run or e-mail you to show how much they care about you.
  • The heart of a woman is what makes the world spin!
  • Women do more than just give birth. They bring joy and hope. They give compassion and ideals. They give moral support to their family and friends.
  • Women have a lot to say and a lot to give.
မိန်းမဆိုတာ - - -
> သူတို့ ဆူညံအော်ဟစ်ချင်လာပြီဆိုရင် သူတို့ပြုံးတယ် ။
> သူတို့ငိုချင်လာပြီဆိုရင် သူတို့ သီချင်းဆိုတယ် ။
> သူတို့စိတ်လှုပ်ရှား ပြီး သူတို့ပျော်ရွှင်ရယ်မောလာချင်ပြီဆိုရင် သူတို့ငိုတယ် ။
> သူတို့ယုံကြည်ချက်တစ်ခုအတွက်ဆိုရင် သူတို့တိုက်ခိုက်တယ် ။
> တရားမျှတမှုမရှိဘူးဆိုရင် သူတို့ ထရပ်တယ် ။
> ကောင်းမွန်တဲ့အဖြေရှိတယ်လို့ ယုံကြည်တယ်ဆိုရင် “no” ဆိုတဲ့အဖြေဘယ်တော့မှမပေးဘူး ။
> သူတို့ရင်သွေး ဖိနစ်အသစ်စီးနိုင်ဖို့ သူတို့ဖိနစ်အသစ်မစီးပဲ အပြင်သွားတယ် ။
> သူတို့ကြောက်လန့်ရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆရာဝန်ဆီ သွားလေ့ရှိတယ် ။
> အကြွင်းမဲ့ အကြောင်းပြချက်မရှိ အခြေအနေမကြည့် သူတို့ချစ်တတ်ကြတယ် ။
> သူတို့သားသမီးတွေ သူငယ်ချင်းတွေကြားထဲ အတော်ဆုံးဖြစ်ပြီးဗိုလ်ဆွဲသွားရင် သူတို့ပျော်လွန်းလို့ ငိုတယ် ။
> ကလေးမွေးတာတို့ မင်္ဂလာဆောင်တာတို့ သတင်းကြားရင် သူတို့ပျော်တယ် ။
> သူတို့သူငယ်ချင်းတစ်ယောက်ဆုံးသွားရင် သူတို့ နှလုံးသားတွေကြေမွပျက်ဆီးကုန်တယ် ။
> သူတို့မိသားစုတစ်ယောက်ဆုံးသွားရင် သူတို့ အလွန်အမင်းဝမ်းနည်းတတ်ကြတယ် ။ မှန်တယ် သူတို့မှာ ခွန်အားမကျန်တော့ဘူးလို့ သူတို့ထင်ရင် သူတို့သန်မာလာတယ် ။
> နူးညံ့စွာထွေးပွေ့မှုတစ်ခုနဲ့အနမ်းတစ်ပွင့်က ကွဲကြေနေတဲ့နှလုံးသားတစ်ခုကို ကုသစေနိုင်မှန်းသူတို့သိတယ်။
> မိန်းမတွေဟာ အရွယ်အစားမျိုးစုံ ၊ အသားအရောင်မျိုးစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့လာတတ်ကြတယ် ။ သင့်ကို ဘယ်လောက်ဂရုစိုက်ကြောင်းပြသဖို့အတွက် သူတို့ကားမောင်းလာလိမ့်မယ် ပျံသန်းလာလိမ့်မယ် လမ်းလျှောက်လာလိမ့်မယ် ပြေးလာလိမ့်မယ် ဒါမှမဟုတ် Email ပို့လိမ့်မယ် ။
> မိန်းမတစ်ယောက်ရဲ့ နှလုံးသားဟာ ကမ္ဘာကြီးလည်နေတာနဲ့တူတယ် ။
> ကလေးမွေးပေးနိုင်တာထက် မိန်းမတစ်ယောက်ဟာ အများကြီးလုပ်နိုင်စွမ်းရှိတယ် ။
> သူတို့ဟာ ပျော်ရွှင်မှုနဲ့မျှော်လင့်ချက်တွေကို ယူဆောင်လာကြတယ် ။ သူတို့ဟာ သနားဂရုဏာအကြင်နာနဲ့စံနမူနာကိုလည်းပေးတယ် ။
> သူတို့မိသားစုတွေနဲ့သူတို့သူငယ်ချင်းတွေအတွက် ကိုယ်ကျင့်တရားနဲ့လူ့ကျင့်ဝတ်ကိုလည်းသင်ပေးတယ်။
> သူတို့မှာ ပြောစရာတွေအများကြီးရှိတယ် - - ပေးစရာတွေလည်းအများကြီးရှိတယ် ။

Saturday, 7 April 2012

နစ်သက်မိသော တာရာမင်းဝေ၏ စာသားအချို့

ကျနော် ရေလိုစီးခဲ့ပါသည်။
အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကြည်လင်စွာစီးခဲ့ပါသည်။
သို့သော် ကျနော့်ကျောပေါ်တွင် အမှိုက်သရိုက် တချို့လည်း ပါလာနိုင်ပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\


ကုန်းချောတက်တဲ့
ဝန်တို သွေးထိုးတက်တဲ့
ကိုယ့်ထက်သာရင် မနာလို ဖြစ်တက်တဲ့ သူတွေကြားမှာ
အကြိမ်ပေါင်းများစွာ ကျွန်တော်ဟာ အံဝင်ခွင်ကျ
လွဲချော်ခဲ့ရဖူးပါတယ်....

 /\♥/\♥/\♥/\♥/\♥/\♥/\

ခွက်လွတ်တစ်လုံးကို ကျနော်ကြည့်သည်။
အထဲမှာ ဘာမှမရှိသောကြောင့် သူ ခွက်လွတ်ဖြစ်နေသည်။
ထိုဘာမှမရှိသော နေရာကပင် အသုံးဝင်လှသည်။
ကျနော်လည်း “ဘာမှမရှိသော နေရာ ဖြစ်ချင်သည်။
ဘယ်ခွက်ထဲသို့ ၀င်ရမည်နည်း။

/\♥/\♥/\♥/\♥/\♥/\♥/\

လောကသစ္စာ ကို ကျနော်တွေ့ချင်ပါသည်။
သူ့နောက်ကို ကျနော်လိုက်၏။ သို့သော် သူ့မှာ “ကျော မရှိချေ။
သူ့ကို ကျနော်ရင်ဆိုင်၏။ သို့သော် သူ့မှာ “ရင်ဘတ် မရှိချေ။
လောကသစ္စာ ကို ကျနော် လိုက်မရှာတော့ပါ။
နေရာမှာ ပဲရပ်နေလိုက်ပါသည်။
အကယ်၍ သူက ကျနော့်ကို လာရှာလျှင် လွယ်ကူရန်ဖြစ်ပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော်သည် ပညာရှင်ကြီး မဖြစ်ချင်ပါ။
အလွမ်းတွေထဲမှာ ပညာနှင့်ယှဉ်၍ ဖြစ်ပေါ်သော အလွမ်းသည် အဆိုးဝါးဆုံး ဖြစ်ပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

အိပ်မက်များစွာကို ကျနော်မက်ဖူးပါသည်။
ထိုအိပ်မက်များကို ဖမ်းဆုပ်ကိုင်တွယ်၍ မရပါ။ ကျနော် ကြိုးစားဖူးပါသည်။ ဖမ်းဆုပ်ကိုင်တွယ်၍ ရဖူးပါသည်။
သို့သော် … ထိုဖြစ်ရပ်ကပင်လျှုင် နောက်ဆုံးမှာ အိပ်မက်ဖြစ်နေပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော် ထွက်သွားဖူးပါသည်။ ဝေးရာကို ထွက်သွားဖူးပါသည်။
ပို၍ဝေးရာကို ထွက်သွားဖူးပါသည်။
မူလနေရာသို့ပင် ပြန်ရောက်လာပါသည်။ “မေမေ ဟု ကျနော် အော်ခေါ်လိုက်ပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

အချို့သူများသည် ကြိုးနှင့်ချည်နှောင်တတ်၏။
အချို့သူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။ ကျနော် ခံခဲ့ရဖူးသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

အခြားသူများကို နားလည်တတ်ရန်ထက် ကိုယ့်ကိုယ်ကိုယ်နားလည်ရန် ခက်၏။
ကျနော့်ကိုယ် ကျနော် မကြာခဏ ပြောဖူးပါသည်။
မင်းက.. ဘာကောင်လဲ ?…”

/\♥/\♥/\♥/\♥/\♥/\♥/\

အသီးအတွက် နေထိုင်သူသည် အပွင့်အတွက် မဟုတ်ချေ။
ပန်းသီးပင်ရှေ့မှာ ကျနော် တွေဝေစဉ်းစားနေပါသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

အကျယ်ပြန်ဆုံးသော နေရာသည် ထောင့်ချိုးများ မရှိ
ကျနော်၏ ကိုယ်ရေးကိုယ်တာ ထောင့်ချိုးများသည်
ကျနော့်မကျယ်ပြန့်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျွန်တော် မက်ခဲ့ဖူးသော အိပ်မက်တို့ များလှပါပြီ။
လူငယ်တစ်ယောက်အတွက် လုံလောက်ပါပြီ။
တော်ပါပြီ။ ကျနော် ပြောသော်လည်း သူတို့မကြားကြ။
အိပ်မက်များစွာ လာမြဲလာ သည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော့်မှာ ရှိသမျှအကုန်လုံး ပျောက်ဆုံးသွားဖူး၏။
သတင်းစာထဲမှာ ကြော်ငြာမထည့်ဖြစ်ပါ။ ကျနော် ငြိမ်းချမ်းသွားပါသည်။
ဘာမှမရှိသဖြင့် ဘာမှလုပ်စရာမလိုတော့။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော် မုဆိုးမဟုတ်ပါ။ လေးနှင့်မြှားကို မထုတ်လုပ်ပါ။
အချို့နေရာများတွင် ရှိကြသော “ပစ်မှတ် များသည် ကျနော့်အတွက်မဟုတ်ကြပါ။

/\♥/\♥/\♥/\♥/\♥/\♥/\

လိုချင်သောအခါ ကောက်ယူရ၏။ မလိုချင်တော့သောအခါ ပြန်လွှင့်ပစ်ရ၏။
အစကတည်းက မယူခဲ့လျှင် အကောင်းသား။
အခုတော့ “အား နှစ်ခါ ကုန်ရသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော့်ကို ဘယ်သူချည်နှောင်ခဲ့သည် မသိ။
ဘယ်တုန်းက ချည်နှောင်ခဲ့သည် မသိ
ကျနော့်မှာ ဖြည်လိုက်ရတာ။ ( ခုတိုင် မလွတ်မြောက်သေး )

/\♥/\♥/\♥/\♥/\♥/\♥/\

အစွန်းမရောက်အောင်တော့ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ပါပြီ။
သူများအစွန်းနှင့် လွတ်အောင်တော့ ကိုယ်မနေတတ်သေး......။
ကောင်းကင်နှင့် မြေကြီး ကြားညပ်နေသော ကောင်လေးကို ဆွဲထုတ်ပေးကြပါ။

/\♥/\♥/\♥/\♥/\♥/\♥/\

ကိုယ့်ကိုယ်ကိုယ် ဒိုင်းနှင့်ကာထားပြီးမှ သူတစ်ပါးကို ဓါးနှင့် ရွယ်ရဲသူ၊
ထိုလူနှင့် ကျနော် လမ်းမတူ။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော့်ကို မျိုးနှိမ့်ချစွာ ဆက်ဆံလာသူများ ရှိပါသည်။
ကျနော် ဘာကောင်မှ မဟုတ်၍ သူတို့ အရှုံးထွက်ကြလိမ့်မည် ထင်သည်။
တစ်ခုတော့ရှိသည်။ အချို့လူများသည်.. “လိုအင် တစ်ခုအတွက် နှိမ့်ချခြင်းမဟုတ်။
သဘာဝအတိုင်း နှိမ့်ချခြင်းသာ ဖြစ်သည် ။ သူတို့ကတော့ မြတ်လိမ့်မည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ပြီးတာတွေ ပြီးပါစေ ဟု သမားတော်က ကျနော့် စိတ်ကို ကု၏။
ဝေဒနာပျောက်သောအခါ ကျနော်သူ့ကို ဆေးဖိုးဝါးခမပေး။
သူ ဒေါသထွက်သောအခါ “ပြီးတာတွေ ပြီးပါစေ ဟု ကျနော် ပြန်ဖျောင်းဖျလိုက်၏။
ကြေပြီ။

/\♥/\♥/\♥/\♥/\♥/\♥/\

အချို့လူများ ကျနော့်ကို ရှေ့မှာကာထား၏။ အချို့လူများ ကျနော့်ကို ကျော်တက်သွား၏။
ချောက်ကမ်းပါးကို ရောက်မှ ကြောက်အားနှင့် လှည့်ပြန်၊ ကျနော်နှင့်တစ်ဖန် လူချင်းလဲ ကြပြန်။

/\♥/\♥/\♥/\♥/\♥/\♥/\

သူဋ္ဌေးကြီးလက်ထဲမှ ပြားစေ့သည်လည်း 
သူတောင်းစား လက်ထဲမှ ပြားစေ့နှင့် တန်ဖိုးညီသည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ကျနော်စိုက်သော နှင်းဆီပင်ကလေး သေသွားပြီ။ ခြောက်သွေ့သွားပြီ။
ကျနော်က ရှင်သန်ရဦးမည် ဖြစ်၏။ လောကကြီးမှာ စိမ့်စိုရပ်တည်ရချေဦးမည်။

/\♥/\♥/\♥/\♥/\♥/\♥/\

ဘ၀မှာ လေပြည်ကိုချည်း မျှော်လင့်စရာမလိုပါ။
မုန်တိုင်းမှာ လည်း အောက်ဆီဂျင်ပါလေသည်။

/\♥/\♥/\♥/\♥/\♥/\♥/\/\♥/\♥/\♥/\♥/\♥/\♥/\/\♥/\♥/\♥/\♥/\♥/\♥/\