Friend Zone
Just some collections of mine ;)
Friday, 22 June 2012
တစ်ကြိမ်ဆိုရင်...
Sorry! If the words are rude..
or it hurts u!! :)
ငါ့ကို နာကျင်ထိခိုက်စေသူအတွက်
ငါအမြဲပြုံးနေလိုက်မယ်
နှလုံးသား၊ အကြင်နာမဲ့သူကို ငါအညိုးအတေးမထားတတ်လို့ပါ။
ငါ့ကို လိမ်ညာခဲ့သူအတွက်
လိမ်ညာတာပေါ့ရင် ငါရယ်ပြီးခွင့်လွှတ်မယ်
ညာတာပြင်းရင် ငါ့ဘဝထဲ အပြီးတိုင်မောင်းထုတ်ပစ်မယ်။
ငါ့အပေါ် သစ္စာဖောက်သူအတွက်
တစ်ကြိမ်ဆိုရင် ငါ မယုံကြည် စိတ်မချတော့ဘူး
အကြိမ်ကြိမ်ဆိုရင် ငါဖမ်းဆုပ်မထားတော့ဘူး။
ငါ့ကို နှစ်သက်သူအတွက်
သင့်ရဲ့ခင်မင်ရင်းနှီးမှုလောက်
ငါရဲ့ခင်မင်ရင်းနှီးမှုလည်း လျော့နည်းမှာမဟုတ်ဘူး။
ငါ့ကို ဆဲဆိုသူအတွက်
ရိုင်းစိုင်းတဲ့စကားတွေက သင့်အဆင့်သင်ဖော်တာပဲ
သင့်စကားအရိုင်းအစိုင်းတွေနဲ့
ငါ့အပြုအမူ အပြောအဆိုတွေကို ကြမ်းတမ်းအောင်လုပ်ဖို့
သင့်မှာ အရည်အချင်းမရှိသေးပါဘူး။
ငါ့အပေါ် ဂရုစိုက်သူအတွက်
သင်တို့ရဲ့ဂရုစိုက်မှုတွေကို ငါ့ရင်ထဲထည့်ထားတယ်
ငါ့မှာ ဘာမှမရှိပေမယ့် ကျေးဇူးသိတတ်မှုတော့ရှိတယ်။
ငါ့ကို ချစ်ခဲ့သူအတွက်
တစ်ခါတလေမှာ အချစ်ဆိုတာ နာကျင်မှုတစ်မျိုးပဲ
နာကျင်တာကလည်း အချင်းချင်းအပြန်အလှန်ကြောင့်ဖြ
စ်တာ
တဖက်သတ်ကြောင့် မဟုတ်ဘူးဆိုတာကို မှတ်ထားပါတယ်။
ငါ့ကို စွန့်လွှတ်ခဲ့သူအတွက်
ဒီအတွက် သင့်ကို ငါမမုန်းပါ
သင်စွန့်လွှတ်ခဲ့သူဟာ သင့်ကိုအချစ်ဆုံးလူဆိုတာ
တစ်နေ့နေ့မှာ သင်သိနားလည်လာပါလိမ့်မယ်။
ငါ့ကို အကြည့်ထဲတောင် ထည့်မထားဘူးဆိုသူအတွက်
သင့်ကိုလည်း ငါ့အကြည့်ထဲ ထည့်ထားမှာမဟုတ်ပါ
ငါနှစ်သက်တဲ့လူ ငါ့ကိုအနိုင်ကျင့်တာ ငါခံနိုင်ပေမယ့်
မနှစ်သက်တဲ့လူကိုတော့
ငါ့ကိုအနိုင်ကျင့်ချင်တဲ့စိတ်မျ
ိုး ရှိစေလိမ့်မှာမဟုတ်ဘူး။
** ကြိုက်နှစ်သက်လို့ နားလည်သလို ဘာသာပြန်ခံစားပါတယ်... စကားလုံးများ ကြမ်းတမ်းခဲ့ရင် ဆောရီးပါလို့း)
Translated by 'Nine Nine Sanay'
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment