Friday, 20 July 2012

အိပ်မက် ... နတ်သမီး


နင်ပြောခဲ့တဲ့ ပုံပြင်တွေထဲကလိုပေါ့
ချစ်သူကို လွမ်းဆွတ်လွန်းလို့
ကောင်းကင်ကိုမျှော်လင့်ချက်တွေထုပ်ပိုး...
ပေါ်လာနိုး...ပေါ်လာနိုး...
ငါ..စောင့်မျှော်ရင်း..အာရုံလည်းပျိုးခဲ့ပြီ

နင်ရေးဖွဲ့တဲ့ကဗျာတွေထဲကလိုပေါ့
အလွမ်းတွေကို ရှောင်ပုန်းမရတဲ့အခါ
လက်နှစ်ဖက်ကိုဆန့်တန်း
ငါက ... အလွမ်းတွေ လာစမ်းဆိုပြီး
သမုဒယတွေ စိုက်ပျိုးတယ်
အခါမလပ်...သတိရခြင်းအချို့နဲ့
ပြာရီမှိုင်းညို့ မိုးတွေသည်းတယ်

ဟိုး....မှာ...ကြယ်တွေ
အစင်းစင်းကြွေလို့
ဧဒင်ဥယျာဉ်ကြီးထဲ..နင့်လက်ကိုတွဲ
ငါ ရေးဖွဲတဲ့ကဗျာတွေ ရွတ်ပြချင်တယ်
အိပ်မက်ထဲတော့ နင်ခဏလာလှဲ့
ခမ်းနားခြင်းအချို့နဲ့ စူးနစ်ခိုင်မြဲ....
နင်ဟာငါ့ရဲ့ အိပ်မက်နတ်သမီးပေါ့ကွယ်

Lwan Nay

Retrieved on 20 July 2012 from https://www.facebook.com/photo.php?fbid=391260414271940&set=a.389733261091322.91786.388431857888129&type=1&ref=nf 

No comments:

Post a Comment