တစ်ခါ
နှစ်ခါ သုံးခါ ဆက်တိုက်မှားနေတဲ့အခါ
ယုံကြည်မှုဆိုတာတောင်
အဝေးမှာ ပျောက်ဆုံးလို့ --
(ကိုယ့်ကိုယ်ကို
သံသ၀င်လာမိတဲ့အထိ)
လာနေပြီအသစ်တွေ
--- ခင်ဗျားတို့မျှော်နေတဲ့အသစ်တွေ --
ဟုတ်ရဲ့လား
--- ပြန်ပြင်လို့မရတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာသိရတဲ့အချိန်
ကန့်လန့်ကာချသွားခဲ့ပြီ
။
နေ့ရက်တိုင်းကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့တာပါပဲ
ငါ့အနောက်မှာ
ပြဿဒါးဟာထပ်ချပ်မကွာလိုက်လာတယ်
လှည့်မကြည့်နဲ့
-- ဓါးနဲ့ထိုးတယ်
လှည့်မကြည့်နဲ့--
တုတ်နဲ့ရိုက်တယ်
လှည့်မကြည့်နဲ့
---အသေသတ်တယ်
ဒီလိုနဲ့
-----။
လျှော်ရပေါင်းလည်းများပြီ
ပေးရပေါင်းလည်းများပြီ
အဖြတ်ခံနေရတဲ့
အထဲမှာ စိတ်ဓါတ်တွေပါ ပါသွားမလား
၎မျက်နှာလုံးသေချာကြည့်မိတဲ့အခါ
--- ငါရောက်နေတာကမ္ဘာမဟုတ်ခဲ့
လောဘသောကတွေနဲ့ပြည့်နေဆဲအခွံသက်သက်သာမျှ
သွေးချွေးမျက်ရည်တွေနဲ့ပြည့်နေတဲ့
မီးတွင်းတစ်ခုသာသာမျှ
အကျင့်ပျက်ခြတွေကြီးစိုးနေတဲ့
တောင်ပို့ တစ်ခုသာသာမျှ
အခုတလောပြဿဒါးဟာပြက္ခဒိန်မြို့ကိုစီးနင်းထားတယ်
။
~ သက်တန့်ချို
No comments:
Post a Comment