Thursday, 10 October 2013

"ရစ်သမ်လေးတစ်ခု"

(၁)
ကိုယ်မြင်းကိုယ်စိုင်းတာပဲ
စစ်ကိုင်းဟာ
စကြဝဠာအပြင်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်

(၂)
ကိုယ့်လှေကိုယ်ထိုးတာပဲ
ပဲခူးဟာ
သမုဒ္ဒရာရဲ့ အခြားတစ်ဖက်မှာဆိုရင်လည်း
ရောက်အောင်သွားမယ်

(၃)
ကိုယ့်ဘဝကိုယ်ဆောက်တာပဲ
ပါးနွဲ့တဲ့ဆပ်ပြာပူဖောင်းကလေး ဖြစ်ခဲ့ရင်တောင်
နောက်ဆုံးအချိန်ကျမှ
ထစ်ချုန်းသံလှလှနဲ့
ပေါက်ကွဲပြသွားမယ် ..... ။

-တာရာမင်းဝေ-

Sunday, 4 August 2013

ကြယ်သီချင်းနှင့်လမင်းသံစဉ်.... မှ

အချို့လူများသည် ချိန်ခွင်၏လက်များနှင့်တူ၏။
သူတို့သည် အထက်နှင့်အောက်ကို
အပြောင်းအလဲမြန်ကြသည်။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ခိုင်ကြည်စွာ ရပ်တည်မည်။

အချို့လူများသည် အလွန် စကားများကြ၏။
စကားများသော ကြက်တူရွေးကို
လှောင်အိမ်ထဲမှာ ငါ မြင်ဖူးသည်။
စကားမပြောသော ကြက်တူရွေးတို့ကား
လွတ်လပ်ကြကုန်၏။
ငါသည်လည်း ...
ထိုသို့ပင် တိတ်ဆိတ်စွာ ပျံသန်းသွားမည်။

တောအုပ်ကို မီးရှို့လိုက ‘လေ’ ၏အကူအညီလိုသည်။
အချို့လူများသည်
မိတ်ဆွေကောင်းကို တန်ဖိုးမထားတတ်ကြ။
ငါသည်ကား... တန်ဖိုးထားမည်။
မိတ်ဆွေကောင်းကို လေးမြတ်စွာ ဆက်ဆံမည်။

အချို့လူများသည်
ရေမျက်နှာပြင်ပေါ်မှာ ထကြွသည့်လှိုင်းနှင့်တူသည်။
လျှပ်ပေါ်လော်လည်ကြ၏။
ငါသည်ကား သူတို့ကဲ့သို့မကျင့်။
ကျောက်စာတစ်ချပ်ပေါ်တွင် ထွင်းထားသည့်
အက္ခရာတစ်လုံးကဲ့သို့ ကျင့်မည်။
ငါ့လုပ်ရပ်ကို ခိုင်မာစေမည်။

အချို့လူများသည်
ညစ်ပေသောရေထဲမှာ
အင်္ကျီကို လျှော်ဖွပ်ကြ၏။
ငါကား ... ထိုသို့မကျင့်။
ငါ့ကိုယ်ငါ စင်ကြယ်မှုဖြင့် လျှော်ဖွပ်မည်။

အချို့လူများသည်
ဂွမ်းစကလေးကို သယ်ရွေ့ရန်
ဝန်လေးပျင်းရိနေတတ်ကြ၏။
ငါကား...
တောင်တန်းကြီးများကို မ ရွေ့ရသည့်တိုင်
ညည်ညူခြင်းကို မပြု။

အချို့လူများသည်...
အမှောင်ထဲမှာ မားမားရပ်ကြသည်။
သူတို့ကိုယ် သူတို့ ပြန်မမြင်ကြရ။
လူသည် ကိုယ့်ကိုယ်ကို ပြန်မြင်ရန်လိုသည်။
ငါကား... အလင်းထဲမှာပဲ ရပ်တည်မည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို သိကြားသော်လည်း
မလိုက်နာကြ။
ဆေးလွယ်အိတ်ကို လွယ်ပြီး သူတို့ သေကြသည်။
ငါကား သူတို့ကို မတုပ။
ငါ့ဘ၀၏ အနာရောဂါများကို ထိုဆေးဝါးတို့ဖြင့် ကုမည်။

အချို့လူများသည်...
ကောင်းမြတ်ခြင်းတရားကို ဟောပြောသော်လည်း
ညီညွတ်သောလုပ်ရပ်ကို မပြသနိုင်။
ဘုရားစာရွတ်နေသော ကြက်တူရွေးများသဏ္ဌာန်ရှိ၏။
သူတို့၏ ဆုံးရှုံးမှုကို ငါ ဥပမာယူမည်။

အချို့လူများသည်...
ကောင်းမြတ်သောလုပ်ရပ်များကို
မရိုးမသားသောအကြံဉာဏ်ဖြင့် ပြုမူကြ၏။
သူတို့၏ လုပ်ရပ်သည်
ရေပြင်ကို ပစ်ခတ်သော မိုးကြိုးပမာရှိသည်။
ငါ... မချစ်ခင်။

အချို့လူများသည်...
ကိုယ်တိုင်နားမလည်သော ဒဿနတရားတို့ဖြင့်
အခြားသူကို ဦးဆောင်သည်။
အကန်းကိုလမ်းပြသော အကန်းနှင့်တူသည်။
သူ့နောက်သို့ ငါမလိုက်။

အချို့လူများသည်...
ကောင်းမြတ်သောတေးသွားကို တီးခတ်ရန်
မိမိကိုယ်ကို စောင်းကြိုးညှိခြင်း မပြုကြ။
ငါကား ထိုဂီတကို ကြားလိုလှသည်။
ညှိယူပြီးဖြစ်သော ငါ့စောင်းကြိုးတို့ကို
စင်ကြယ်စွာ တီးခတ်မည်။

တာရာမင်းဝေ
(ကြယ်သီချင်းနှင့်လမင်းသံစဉ်....မှ)

အချိန်းအချက်

ငါ့ဖိနပ်ကို ချွတ်ပေးလို့ရပါတယ်
ငါ့ခြေထောက်ကို ချိုးမပေးနိုင်တာတော့
ခွင့်လွှတ်ပါ။
တစ်ခုတော့ ကတိပြုပါရဲ့

(တစ်နေ့နေ့တစ်ချိန်ချိန် တို့ပြန်ဆုံကြရင်)
မင်းလုပ်ရဲမလား
သေတွင်းကို အတူတူ တူးကြမယ်လေ။

~ တာရာမင်းဝေ

အခုတလောပြဿဒါးဟာပြက္ခဒိန်မြို့ကိုစီးနင်းထားတယ်

တစ်ခါ နှစ်ခါ သုံးခါ ဆက်တိုက်မှားနေတဲ့အခါ
ယုံကြည်မှုဆိုတာတောင် အဝေးမှာ ပျောက်ဆုံးလို့ --
(ကိုယ့်ကိုယ်ကို သံသ၀င်လာမိတဲ့အထိ)
လာနေပြီအသစ်တွေ --- ခင်ဗျားတို့မျှော်နေတဲ့အသစ်တွေ --
ဟုတ်ရဲ့လား --- ပြန်ပြင်လို့မရတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာသိရတဲ့အချိန်
ကန့်လန့်ကာချသွားခဲ့ပြီ ။

နေ့ရက်တိုင်းကိုအရိုးရှင်းဆုံးဖြတ်သန်းခဲ့တာပါပဲ
ငါ့အနောက်မှာ ပြဿဒါးဟာထပ်ချပ်မကွာလိုက်လာတယ်
လှည့်မကြည့်နဲ့ -- ဓါးနဲ့ထိုးတယ်
လှည့်မကြည့်နဲ့-- တုတ်နဲ့ရိုက်တယ်
လှည့်မကြည့်နဲ့ ---အသေသတ်တယ်
ဒီလိုနဲ့ -----။

လျှော်ရပေါင်းလည်းများပြီ  ပေးရပေါင်းလည်းများပြီ
အဖြတ်ခံနေရတဲ့ အထဲမှာ စိတ်ဓါတ်တွေပါ ပါသွားမလား 
၎မျက်နှာလုံးသေချာကြည့်မိတဲ့အခါ --- ငါရောက်နေတာကမ္ဘာမဟုတ်ခဲ့
လောဘသောကတွေနဲ့ပြည့်နေဆဲအခွံသက်သက်သာမျှ
သွေးချွေးမျက်ရည်တွေနဲ့ပြည့်နေတဲ့ မီးတွင်းတစ်ခုသာသာမျှ
အကျင့်ပျက်ခြတွေကြီးစိုးနေတဲ့ တောင်ပို့ တစ်ခုသာသာမျှ

အခုတလောပြဿဒါးဟာပြက္ခဒိန်မြို့ကိုစီးနင်းထားတယ် ။

~ သက်တန့်ချို

"ရပ်နိုင်ပေ့ .. ရပ်နိုင်ပေ့..."

ဟူး...

လေပူလေးကို မှုတ်ထုတ်လိုက်တယ်
ရင်ထဲ က
အပူတွေ များ...
ပါသွားမလား????

"ဒီလိုပါပဲ.. သမီးငယ်ရယ်..'"
အမေ့ အသံကို သဲ့သဲ့လေး
ကြားလိုက်တယ်
သမီး...
မိုက်နေသေးတယ်လေ...

ကျောင်းဆက်မတက်ချင်တဲ့
သမီးအတွက်
အမေ့မျက်ရည် တွေ
မခမ်းစေချင်ခဲ့လို့..
အမေကြားချင်တဲ့စကားလေး...
သမီး ငိုရင်းပြောခဲ့တယ်...

ဟုတ်ကဲ့ပါအမေ......
အဲဒီကတည်းက..
ဒီရင်ခွင်နဲ့ဝေးရာ..
သမီး... ခရီးနှင်ခဲ့တာ
အော် နှစ်နှစ်ကျော်ပီပဲ

အမေ့ သမီး ပညာတတ်ကြီုးဖြစ်ရင်..
အမေ့ သမီး ဒေါက်တာကြီးဖြစ်ရင်...
အမေ့ သမီး ဆရာမကြီးဖြစ်ရင်...

အော် အမေ့
မျှော်လင့် ချက်ကလေး..
သမီး ရိုက်ချိုးရက်မှာတဲ့လား..

ဒီတော့ ဒီလမ်းကို ဆက်လျှောက်
ဖြစ်သလောက်အားနဲ့ ကူး..
အမေ့ ဆီက လက်ဖြန့်တောင်းနေရတော့
သမီး မပျော်ဘူးအမေ..

အမေရှိရင် ပြည့်စုံပါတယ်...
သမီးရတဲ့..
လစာလေး နဲနဲကိုလည်း..
အမေ့ကိုပေးချင်ပါသေးတယ်...
-မနက်စောစော
အမေ့ရှစ်ခိုးသံနဲ့ နိုးရင်း...
-အမေ ချက်တဲ့
ဟင်းလေးစားရင်းပေါ့....

ဒီလိုပြောတိုင်း...
အမေက
"ဖြစ်လာမှာပေါ့"တဲ့..
အမေပြောရင် လွဲခဲပါတယ်..
အားတင်းနေခဲ့တယ်...

ဒါပေမဲ့ နာကျင်စရာတွေ
များလာတဲ့ အခါ
ကျရှုံး မှုတွေကြုံလာတဲ့အခါ
အမေက
လောက ကိုရင်ဆိုင်ဖို့
အားဆေးတစ်ခွက်မို့
ငယ်ငယ်တုန်းက
မတ်တပ်ရပ် သင်ခါစက
အမေ့ စကားလေး
ပြန်ပြန်ကြားနေရတယ်..

"ရပ်နိုင်ပေ့ .. ရပ်နိုင်ပေ့..."


~ ရင်ထဲက မှန်ကလေး

Friday, 16 November 2012

10 Rules for Being Human

You will receive a body.
You may like it or hate it, but it's yours to keep for the entire period.

You will learn lessons.
You are enrolled in a full-time informal school called, "life."

There are no mistakes, only lessons.
Growth is a process of trial, error, and experimentation. The "failed" experiments are as much a part of the process as the experiments that ultimately "work."

Lessons are repeated until they are learned.
A lesson will be presented to you in various forms until you have learned it. When you have learned it, you can go on to the next lesson.

Learning lessons does not end.
There's no part of life that doesn't contain its lessons. If you're alive, that means there are still lessons to be learned.

"There" is no better a place than "here."
When your "there" has become a "here", you will simply obtain another "there" that will again look better than "here."

Other people are merely mirrors of you.
You cannot love or hate something about another person unless it reflects to you something you love or hate about yourself.

What you make of your life is up to you.
You have all the tools and resources you need. What you do with them is up to you. The choice is yours.

Your answers lie within you.
The answers to life's questions lie within you. All you need to do is look, listen, and trust.

You will forget all this.

ခဏ ခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး..

ခဏ ခဏ အသတ်ခံရတယ် ၊ ဘယ်တော့မှ မသေဘူး။
ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။

သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။

ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို

မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။

ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။

မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။

''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။

ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။

သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။

ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။

သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။

သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။

တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့။

ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။

နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။

အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။

ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။

ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။

သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
 
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..

၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်

ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။

ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..

တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။

ရေးသူ ဟိန်း(Heinn FiveStrings) (17.7.2012)